ဆူနာမီဖြစ်စေခဲ့တဲ့ အင်ဒိုမီးတောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် အမြင့်ပေ သုံးပုံနှစ်ပုံကျော် လျော့ကျသွား

   December 31 2018

နောက်ဆုံးရ ပြည်တွင်းပြည်ပ သတင်းများ
ဆူနာမီဖြစ်စေခဲ့တဲ့ အင်ဒိုမီးတောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် အမြင့်ပေ သုံးပုံနှစ်ပုံကျော် လျော့ကျသွား
----------------------------
အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီဖြစ်စေခဲ့တဲ့ Anak Krakatau မီးတောင်ဟာ ပေါက်ကွဲမှုဖြစ်ပြီးနောက် မူလအမြင့်ထက် သုံးပုံနှစ်ပုံကျော် နိမ့်ကျသွားခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။


 
ဖိလစ်ပိုင်မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၂၂ ဦးအထိ မြင့်တက်လာ
----------------------------
ဖိလစ်ပိုင်အလယ်ပိုင်း ကျွန်းစုတွေမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂၂ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) ပြောပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့က ဖိလစ်ပိုင်အလယ်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် လူလေးဦးသေဆုံးကြောင်း အစောပိုင်းမှာ သတင်းထုတ်ပြန်ထားခဲ့ပြီးနောက် တစ်ရက်အတွင်းမှာ သေဆုံးသူအရေအတွက် သိသာစွာ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။


 
အိန္ဒိယကျောက်မီးသွေးတွင်းမှာ ပိတ်မိနေသူ ၁၅ ဦးကို ကယ်ဆယ်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်
----------------------------
အိန္ဒိယ ကျောက်မီးသွေးတွင်းတစ်ခုမှာ ရေကြီးမှုဖြစ်ပြီး ပိတ်မိနေခဲ့တဲ့ မိုင်းတွင်းလုပ်သား ၁၅ ဦးကို ကယ်ဆယ်နိုင်ရန် လုပ်ဆောင်နေရာမှာ ရေတပ်မှ ရေငုပ်သမားအဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။


 
ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ပဋိပက္ခတွေကြောင့် ၁၇ ဦးထက်မနည်း သေဆုံး
----------------------------
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲနေ့မှာ ပဋိပက္ခတွေပေါ်ပေါက်ခဲ့ပြီး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးမှုနဲ့ပတ်သက်ပြီး မသမာမှုတွေရှိကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နေရာဒေသအချို့မှာ ခိုက်ရန်ဖြစ်ပွား တိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။


 
     
      ပြည်တွင်းပြည်ပ သတင်းများဆက်လက်ဖတ်ရှုရန်
     
Join us on Youtube
Copyright © 2018 Duwun, All rights reserved.
Thank you for subscribing us !

Our mailing address is:
Duwun
Diamond Condominium, Block E, First floor, Pyay Road, Kamaryut Township
Rangoon 11181
Myanmar

Add us to your address book


Want to change how you receive these emails?
You can update your preferences or unsubscribe from this list.

Comments

Popular posts from this blog

5132 Interesting News

Inquiry: CNC Parts, Castings & Forgings